no-image-available

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်၊ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပမည်ဖြစ်ပြီး စာတမ်းဖတ်ကြားသည့် အစီအစဉ်ပါရှိသောကြောင့် ပညာရေးဝန်ကြီးဌာနမှ ကျောင်းသားလူငယ် ကိုယ်စားပြုစာတမ်း တက်ရောက်ဖတ်ကြားနိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ စာတမ်း ဖတ်ကြားလိုသူ ကျောင်သား/ကျောင်းသူများအနေဖြင့် အချိန်(၅)မိနစ်စာ (A4 စာရွက်နှစ်မျက်နှာ) စာတမ်းတစ်စောင်ကို (Pyidaungsu Font, Font Size 14)ဖြင့် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာပြုစုပြီး Soft Copy နှင့်အတူ ဖတ်ကြားမည့်စာတမ်းနှင့် စာတမ်းဖတ်ကြားမည့်သူ၏ အမည်၊ ဖုန်းနံပါတ်၊ (အရံတစ်ဦး အပါအဝင်) စုစုပေါင်း(၂)ဦးတို့၏ စာရင်းအား (၂၆.၈.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၂ ၀၀)နာရီ နောက်ဆုံး ထား၍ စီမံရေးရာဌာနတွင် စာရင်းပေးနိုင်ပါကြောင်း ကြေညာအပ်ပါသည်။