no-image-available

အဆိုပါ ပညာသင်ဆုများသို့ လျှောက်ထားလိုသော ကျောင်းသား/ကျောင်းသူများအနေဖြင့်-
– Jag School of Transformative Skills မှ ဖွင့်လှစ်မည့် Programme (၆)ခုအား SAARC နှင့် ASEAN နိုင်ငံများမှ ကျောင်းသားများအတွက် JSTS မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွက် ၁၀၀ ရာခိုင်နှုန်း (tuition fees)ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊
– သင်တန်း(၆)ခု၏ ကြာမြင့်ချိန်မှာ (၆)လ မှ (၁၂)လအထိ ဖြစ်ပါကြောင်း၊
– မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများအတွက် Online Scholarship examination ပြုလုပ်၍ ကျောင်းသား အနည်းငယ်ကို ရွေးချယ်မည် ဖြစ်ပါကြောင်း၊
– Online စနစ်ဖြင့် သင်ကြားမှုဖြစ်သောကြောင့် အိန္ဒိယနိုင်ငံတွင် အနည်းဆုံး ရက်သတ္တပတ် (၅)ပတ် မှ (၆)ပတ်ခန့်သာ သင်ကြားရမည် ဖြစ်ပါကြောင်း၊
– အသွား/ အပြန် လေယာဉ်စရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် အခြားကုန်ကျစရိတ်များကို မိမိစရိတ်ဖြင့် ကျခံရမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။