no-image-available

ကိုရီးယားသမ္မတနိုင်ငံတွင် (၅.၈.၂၀၁၉)ရက်နေ့မှ (၄.၁.၂၀၂၁)ရက်နေ့အထိ ဖွင့်လှစ်မည့် “2019 KOICA-HGU Master’s Degree Program in Techno-Entrepreneurship Competency Based on EE & ICT Convergence” မဟာဘွဲ့ သင်တန်းသို့ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်သူများ လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားမည့်သူများအနေဖြင့် (၂၈.၂.၂၀၁၉) ရက်နေ့၊ (ကြာသပတေးနေ့)တွင် နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ် (၂)နာရီ မေးခွန်းနှင့် မွန်းလွဲပိုင်းတွင် ဘာသာရပ် (၂)နာရီမေးခွန်း၊ (၁.၃.၂၀၁၉)၊ (သောကြာနေ့)တွင် နံနက်(၉:၀၀)နာရီ လူတွေ့နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် လျှောက်လွှာအပြည့်အစုံအား ဖြည့်စွက်ပြီး (၂၅.၂.၂၀၁၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီ နောက်ဆုံးထား၍ စီမံရေးရာဌာနတွင် လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်-
သတ်မှတ်ချက်များ-
– မြန်မာနိုင်ငံသားဖြစ်ရမည်၊
– ဝန်ထမ်းဖြစ်ပြီး (၂၈.၂.၂၀၁၉)ရက်နေ့တွင် လုပ်သက်အနည်းဆုံး (၂)နှစ်နှင့် အထက်ရှိသူ ဖြစ်ရမည်၊
– စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြည့်စုံ ကောင်းမွန်သူဖြစ်ရမည်၊
– သက်ဆိုင်ရာဘာသာရပ်အတွက် Bachelor ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) ၄င်းနှင့်ညီမျှသော တက္ကသိုလ်/ကောလိပ်အဆင့် ပညာရေးအတွေ့အကြုံရှိသူဖြစ်ရမည်၊
– အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရမည်၊
– KOICA’s Scholarship Program များမှ ရုတ်သိမ်းခံထားသူမဖြစ်ရ၊
– မဟာဘွဲ့မတိုင်မီ KOICA’s Scholarship Program (သို့မဟုတ်) အခြား Korean Government’s Scholarship Program တွင် ပါဝင်ဆောင်ရွက်ဖူးသူ မဖြစ်ရ၊
– သက်ဆိုင်ရာတက္ကသိုလ်မှ ချမှတ်ထားသော သတ်မှတ်ချက်များနှင့် ပြည့်စုံရမည်၊
– EE (Electrical Engineering)နှင့် ICT ဘာသာရပ်များနှင့် သက်ဆိုင်သူဖြစ်ရမည်၊
– မဟာသုတေသနဘွဲ့/ ပါရဂူဘွဲ့ ရရှိထားသူများ လျှောက်ထားခွင့် မရှိပါ၊
– နိုင်ငံခြားမှ သင်တန်း တက်ရောက်ခဲ့သူဖြစ်လျှင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး (၂၈.၂.၂၀၁၉) ရက်နေ့၌ အနည်းဆုံး(၆)လ အမှုထမ်းပြီးသူဖြစ်ရမည်(သင်တန်းဟုဆို ရာတွင် နိုင်ငံခြားတွင် တက်ရောက်သော သင်တန်းကာလသည် (၆)လကျော်မှသာ သင်တန်းအဖြစ် သတ်မှတ် ပါသည်။)၊
– နိုင်ငံခြားသို့ သွားရောက်နေစဉ်အတွင်း လုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိကြောင်းကို သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူး၊ ပါမောက္ခချုပ်တို့မှ ထောက်ခံသူဖြစ်ရမည်၊
– လက်ရှိဌာနဆိုင်ရာ အပြစ်ပေး အရေးယူခံရခြင်း မရှိသူဖြစ်ရမည်၊
– အဆိုပြုသူ၏ မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်း အားလုံး နိုင်ငံသားဖြစ်ရမည်၊
– အဆိုပြုသူ၏ ဇနီး/ခင်ပွန်းသည် ကိစ္စတစ်ရပ်ရပ်ဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေ ခြင်း မရှိသူ ဖြစ်ရမည်၊
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာနတွင် လာရောက် ကြည့်ရှုနိုင်ပါသည်။